ရပ်ကွက်၏ငလျင်ဒဏ်စီမံဆောင်ရွက်ချက်
最終更新日:2017年3月6日
ページID:000034194
ရပ်ကွက်တွင်းငလျင်ကြီးစတင်လှုပ်ရှားချိန်မှစပြီး ပြည်သူများ အားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် အမျိုးမျိုးသော စီမံဆောင်ရွက်မှုများ ပြုလုပ်နေသည်။
ရှင်းဂျုခုအန္တရာယ်ကာကွယ်ရေးစင်တာ
ဘေးဆိုးအလိုက် ရပ်ကွက်ရုံးတွင် ပမာဏကြီးမားသော ထိခိုက်မှုများအတွက် ပြန်လည် ထူထောင်ရေးအစီအစဉ်နှင့် ဘေးအန္တရာယ်အတွေးအခေါ် ပညာပေးရေးအတွက် အခြေစိုက် အဆောက်အဦအနေဖြင့်၊ ၁၉၉၆ ခုနှစ်တွင် အီချိဂါရနာကာတွင် တည်ရှိသည်။
ရှင်းဂျုခုကိုယ်ထူကိုယ်ထ အန္တရာယ်ကာကွယ်ရေးစင်တာ(လုပ်ငန်းစဉ်ရှင်းလင်းချက်)
ရှင်းဂျုခုကိုယ်ထူကိုယ်ထ အန္တရာယ်ကာကွယ်ရေးစင်တာ(လုပ်ငန်းစဉ်ရှင်းလင်းချက်)
ကာကွယ်ရေး အနှစ်သာရ ပညာပေးမှု
- ငလျင်တုကား(ငလျင်အတွေ့အကြုံကား) ကိုစေလွှတ်ခြင်း
- ဘေးအန္တရာယ်ကာကွယ်ရေး သင်တန်းပေးခြင်း
- ဘေးအန္တရာယ်ကာကွယ်ရေး DVD ငှားပေးခြင်း
- ဘေးအန္တရာယ်သုံးပစ္စည်းနှင့် မီးသတ်စက်များ ဖြေရှင်းပုံ
- ဘေးအန္တရာယ်ကာကွယ်ရေး ပညာပေးစာအုပ်စသည်တ
ပုလုပ်ပေးပါသည်။
သတင်းအချက်အလက်ပေးခြင်းလုပ်ငန်းစဉ်အနေဖြင့် အုပ်ချုပ်ရေးကြိုးမဲ့စနစ်ထိန်းသိမ်းခြင်း
ရှင်းဂျုခုတွင်၊ ဘေးအန္တရာယ်ကြုံတွေ့နေရချိန်တွင်၊ ဒေသတွင်း ၁၀၂ နေရာတွင် ထားရှိသော အဆောက်အအုံပြင်ပအန္တရာယ်ကာကွယ်ရေး စပီကာကို သုံးပြီး၊ ပြည်သူများ အားလုံးကိုသတင်းပေးပါသည်။
ထို့နောက်၊ ဒေသတွင်းရှိ မူလတန်း၊ အလယ်တန်းကျောင်းများ၊ ရပ်ကွက် အဆောက်အဦ၊ ရဲစခန်း မီးသတ်စသည်တို့တွင် ဒစ်ဂျစ်တယ်အမြန် အန္တရာယ်ကာကွယ်ရေး ကြိုးမဲ့စနစ်များထားရှိပြီး၊ လျင်မြန်သော သတင်းအချက်အလက်များကို စုဆောင်းကြေငြာပေးခြင်းများပြုလုပ်ပေးပါသည်။

မိုးလေ၀သ သတင်းမေးလ်များပို့ပေးခြင်း
လက်ကိုင်ဖုန်းမေးလ်ဖြင့် မိုးလေ၀သ သတင်းကို အသိပေးသည့် “ရှင်းဂျုခု မိုးလေ၀သမေးလ်” ကို စီစဉ်ထားပြီး လိုအပ်သူများက မိုးလေ၀သသတင်း၊ သ တိပြုရမည့်သတင်းတို့ကို အလိုအလျောက် ပို့ပေးပါသည်။
ဒေသမှ စီစဉ်ထားသော မီးသတ်စက်ထားရှိခြင်း
ရပ်ကွက်တွင်း နေရာအနှံ့ မီးသတ်စက် (၃၉၀၀ လုံးခန့်) ထားရှိပြီး၊ အရေးပေါ်မီးငြိမ်းခြင်းတွင် အသုံးပြုသည်။
ဘေးအန္တရာယ် တိမ်းရှောင်နေရာနှင့် ဒုက္ခသည်စခန်းများတည်ထောင်ခြင်း
နေအိမ်များပြိုကျ၊ မီးလောင်ခံရသော အခြေအနေတွင် တိမ်းရှောင်ရသောနေရာအဖြစ် ရပ်ကွက်ရှိ မူလတန်း အလယ်တန်းကျောင်းများကို ခိုလှုံရာနေရာအဖြစ် ထိန်းသိမ်းထားသည်။
ထို့နောက် မီးဘေးမှ ကာကွယ်ရန်အတွက် တိမ်းရှောင်ရန် နေရာအဖြစ် ပန်းခြံကြီးများကို ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ထားသည်။
ထို့နောက် မီးဘေးမှ ကာကွယ်ရန်အတွက် တိမ်းရှောင်ရန် နေရာအဖြစ် ပန်းခြံကြီးများကို ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ထားသည်။
အစားအစာ၊ နေ့စဉ်သုံးလိုအပ်သော ပစ္စည်းများ။ ရေ စသည်တို့ကိုသိုလှောင်ခြင်း
ဘီစကစ်၊ ဆန်၊ နို့မှုန့်စသည့်အစားအစာများ၊ နေ့စဉ်သုံး လိုအပ်သော ပစ္စည်းကို ဒုက္ခသည်စခန်းဂိုဒေါင်နှင့် ခိုလှုံရာနေရာသို့ ထပ်တိုးပစ္စည်းများ သိုလှောင်ထိန်းသိမ်းထားသော ရပ်ကွက်သိုလှောင်ဂိုဒေါင်တွင် ထိန်းသိမ်းထားပါသည်။
နောက်ထပ် သောက်ရေနှင့်ပတ်သက်၍ ခိုလှုံရာနေရာရှိ ရေကန်၊ ယိုဒိုဘာရှီ ရေပေးထားဌာန၊ ဆူရူမာကီ တောင်ပိုင်းပန်းခြံ၊ ဖူရဲအာအီ ပန်းခြံတို့၏ အရေးပေါ် ရေပိုက်မှ ရေရပြီး၊ သုံးရေအတွက် ရေတွင်း၊ အများသုံးရေတွင်း၊ မူလတန်း အလယ်တန်းကျောင်းများ၏ ရေကန်များမှ ရေရရှိအောင် လုပ်ဆောင်ထားပါသည်။

အလယ်အလတ်အထပ်မြင့် အဆောက်အဦ ဘေးအန္တရာယ်ကာကွယ်ခြင်း စီမံဆောင်ရွက်ချက်
အလယ်အလတ်အထပ်မြင့် အဆောက်အဦကို ရည်မှန်းပြီး၊ ဘေးအန္တရာယ်ကာကွယ်ရေး စီမံချက်စာအုပ် “အဆောက်အဦးဘေးအန္တရာယ်ကာကွယ်ရေး ပထမဆုံး ခြေလှမ်း” ဖြန့်ဝေခြင်းနှင့် အဆောက်အဦးဘေးအန္တရာယ် ကာကွယ်ရေး အကြံပေးများ စေလွှတ်ခြင်းများပြုလုပ်နေပါသည်။
အိမ်ထောင်ပရိဘောဂ ပြိုလဲခြင်းကာကွယ်ရေး ကိရိယာများကို အခမဲ့တပ်ဆင်သည်။
ဒေသတွင်း လိပ်စာရှိသောသူ၏ အိမ်ကို ရည်ရွယ်ပြီး အိမ်ထောင်ပရိဘောဂ ပြိုလဲခြင်းကာကွယ်သည့် ကိရိယာများကို တပ်ဆင်ခြင်းနှင့် ပတ်သက်ပြီး ကြိုတင်စစ်ဆေးပြီး နောက်ရက်တပ်ဆင်ခြင်းများ ပြုလုပ်ပေးသည်။ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း စရိတ်များသည် အခမဲ့ဖြစ်ပြီး ကိရိယာများမှာ အသုံးပြုသူက အကုန်အကျခံရမည်ဖြစ်ပါသည်။
ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်း ကိုင်တွယ်ခြင်း
ဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းအသီးသီး၏ ကိုင်တွယ်နည်းကို ပြုလုပ်ပါသည်။
- ပစ္စည်း အိမ်ထောင်ပရိဘောဂ ပြိုလဲခြင်း ကာကွယ်ရေးကိရိယာ၊ တိမ်းရှောင်ရေးသုံးပစ္စည်း သိုလှောင်သောက်ရေ၊ သိုလှောင် အစားအစာ
- လျှောက်လွှာတင်ရန်နည်းလမ်း အထူးတာဝန်ကျနေရာ၊ အန္တရာယ် အုပ်ချုပ်ရေးဌာန၊ ဘေးအန္တရာယ်ကာကွယ်ရေးစင်တာတွင် ဖြန့်ဝေလျက်ရှိသော လမ်းညွှန်လက်ကမ်းစာစောင်များတွင် ခေါက်သွင်းထားသည့် လျှောက်လွှာ စာရွက်ကို သုံးပြီး သတ်မှတ်ညွှန်ကြားသူထံ တိုက်ရိုက်လျှောက်လွှာတင်ပါ။
本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。