မိသားစုနှင့်အချိန်းအချက်၊ အိမ်မွေးတိရစ္ဆာန်များ တိမ်းရှောင်ခြင်း
最終更新日:2017年3月6日
ページID:000034203
မိသားစု အချိန်းအချက်
ပုံမှန်အချိန်ကတည်းက မိသားစုအချင်းချင်း အန္တရာယ်ကင်းမကင်း စစ်ဆေးနိုင်မည့် နည်းလမ်းအချိန်းအချက် ပြုလုပ်ထားတာက အရေးကြီးပါတယ်။
မိသားစုအတွင်း ဘေးအန္တရာယ် ကာကွယ်ရေး အစည်းအဝေးပြုလုပ်ပြီး ပြင်ဆင်ထားပါ။

- အရေးပေါ်ပစ္စည်းအိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး၊ ထားမည့်နေရာကို သတ်မှတ်ထားပါ။
- တိမ်းရှောင်နေရာ၊ ဒုက္ခသည်စခန်းကို အိမ်မှ လက်တွေ့လမ်းလျှောက်သွားပြီး စစ်ဆေးပါ။
မိသားစုတကွဲတပြားရှိနေသည့်အချိန်တွင် ငလျင်ကြီးလှုပ်ခတ်လျှင်၊ မည်သည့်နေရာတွင် တွေ့ဆုံမည်နည်း။
ဒုက္ခသည်စခန်းသည်ကျယ်ပြီး၊ ငလျင်လှုပ်ခတ်ချိန်များတွင် များစွာသောလူများက တိမ်းရှောင်ကြသည်။
ဒုက္ခသည်စခန်းအတွင်း မိသားစုဆုံမည့်နေရာကို သတ်မှတ်ပါ။ (အိမ်သာနား၊ နာရီဘေး၊ အရုပ်ဘေး စသည်ဖြင့်) - ဘေးအန္တရာယ်ကာကွယ်ရေးကတ်ကို ကိုယ်စီ ကိုယ်စီပြုလုပ်ပြီး၊ ကိုယ်နှင့် တစ်ပါတည်းထားပါ။
အန္တရာယ်ကာကွယ်ရေးကတ်
ငလျင်အစရှိသည့် ဘေးအန္တရာယ်များသည် မည်သည့်အချိန်ဖြစ်မည်ဆိုတာ မသိနိုင်ပါ။
အန္တရာယ်ကာကွယ်ရေးကတ်တွင် လိုအပ်သော
အချက်အလက်များထည့်သွင်းပြီး ချက်ချင်းကိုယ်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်စေရန်ပြင်ဆင်ထားပါ။
ဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အန္တရာယ်ကာကွယ်ရေးကဒ်ကို ယူပြီးတိမ်းရှောင်ပါ။
ထို့ပြင် ဘေးအန္တရာယ်ကြုံတွေ့ချိန်သာမက၊ အမြဲတမ်း လွယ်အိတ်၊ ပိုက်ဆံအိတ်စသည်တို့တွင် ထည့်ထားပြီး၊ ကိုယ်နှင့်မကွာထားလျှင် အဆင်ပြေသည်။
ရောဂါနှင့် ဓာတ်မတည့်သူများ၊ အရေးပေါ်ဆေးသောက်ရမည့် နည်းလမ်းများကို မှတ်သားထားပါ။

အိမ်မွေးတိရိစ္ဆာန် တိမ်းရှောင်နေရာ
ရှင်းဂျုခုရှိ တိမ်းရှောင်စခန်းတွင် တိရိစ္ဆာန်ကယ်ဆယ်ရေးစခန်း ထားရှိပါသည်။
သခင်များသည် မိမိ အိမ်မွေးတိရိစ္ဆာန်များအတွက် “လှောင်အိမ်၊ လည်ပတ်ကြိုး၊ လည်စည်း” “တိရိစ္ဆာန်အစာ၊ရေ” “အညစ်အကြေးစွန့်ပစ္စည်း” “အရေးပေါ်သောက်ဆေး” စသည်တို့ကို တိရိစ္ဆာန်လေးများအတွက် အရေးပေါ်အိတ်ဖြင့် ပြင်ဆင်ထားပါ။
အိမ်မွေးတိရိစ္ဆာန်လေးများ ဒဏ်ရာရခဲ့လျှင်၊
တိရိစ္ဆာန်ဆေးရုံတွင် ဆေးကုသရန် လိုအပ်ပါသည်။ အနီးအနားရှိ တိရိစ္ဆာန်ဆေးရုံကို မှတ်သားထားပါ။ ထို့ပြင်၊
အိမ်မွေးတိရိစ္ဆာန်ကို ခေတ္တခဏ အပ်နှံထားနိုင်မည့် မိတ်ဆွေ၊ ဆွေမျိုးတို့လည်း လိုအပ်ပါသည်။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。