ငလျင်လှုပ်လျှင် ~ အိမ်ထဲတွင်ရှိနေစဉ်
最終更新日:2017年3月6日
ページID:000034204
သာမန်အချိန်မှစ၍ ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးပါသည်။ ပုံမှန်အချိန်ကတည်းက အိမ်ထဲတွင် လုံခြုံစိတ်ချရမည့်နေရာကို ရှာဖွေထားပါ။ ငလျင်လှုပ်လျှင် တည်ငြိမ်စွာ အောက်ပါအတိုင်းလှုပ်ရှားပါ။
ခန္ဓာကိုယ်ဘေးကင်းစေရန် ကာကွယ်စောင့်ရှောက်ခြင်း။
ငလျင်လှုပ်သည်ဟု ခံစားရပါက အိမ်တွင်းရှိလုံခြုံစိတ်ချရသောနေရာသို့ သွားခြင်း၊ သို့မဟုတ် ခိုင်ခံ့သော စားပွဲခုံ စသည်တို့ အောက်သို့ ၀င်ခြင်း၊ စားပွဲခြေထောက်ကို ကိုင်ထားခြင်းဖြင့် ခန္ဓာကိုယ်ဘေးကင်းမှုကို လုပ်ဆောင်ကြပါ။ မွေ့ယာ၊ ထိုင်အခင်း စသည်တို့ရှိလျှင် ခေါင်းကိုကာကွယ်ထားပါ။

ငလျင်လှုပ်ရှားမှု ရပ်တန့်သွားသည့်အခါ မီးနှင့်သက်ဆိုင်သောလုပ်ဆောင်ချက်များ
ဂက်စ်အိုးအပေါက်ကို ပိတ်ပြီး၊ လျှပ်စစ်ပစ္စည်းများတွင် တပ်ထားသော ပလပ်များကို ဖြုတ်ထားပါ။ (ငလျင်လှုပ်နေချိန်တွင် ခန္ဓာကိုယ်ဘေးကင်းမှုကို ဦးစားပေးပါ)
(၁) ငလျင်လှုပ်ရှားမှု ရပ်တန့်သွားလျှင် မီးခလုတ်များကိုပိတ်ပါ။
(၁) ငလျင်လှုပ်ရှားမှု ရပ်တန့်သွားလျှင် မီးခလုတ်များကိုပိတ်ပါ။ (၂) မတော်တဆ မီးလောင်ခဲ့လျှင် တည်ငြိမ်စွာမီးငြှိမ်းပါ။

ဂက်စ်ပြန်လည် တပ်ဆင်ခြင်းနည်းလမ်း
ဂက်စ်မီတာ၏ လုံခြုံရေးကိရိယာ လည်ပတ်စေပြီး ဂက်စ်ကမီးဖိုသို့ ရောက်ချိန်တွင် မီးအနီက အချက်ပြနေမည်။ လွယ်ကူရိုးရှင်းသောနည်းလမ်းဖြင့် ဂက်စ်ကို အသုံးပြုပါ။
(၁) ဂက်စ်နှင်သက်ဆိုင်သော ကိရိယာအစိတ်အပိုင်းများအားလုံးကိုပိတ်ရပါမည်။ အခန်းအပြင်ရှိ ကိရိယာများကိုလည်း မမေ့မလျော့ ပိတ်ပါ။
(၂) Reset ခလုတ်၏အစွပ်ကို ချွတ်ထားရပါမည်။

(၃) Reset ခလုတ်ကို သေချာစွာအတွင်းအထိ ဖိပြီး ဖြေးညှင်းစွာ လက်ကိုလွှတ်ပါ။ မီးအနီက လင်းလာသောအခါ တစ်ဖန် အချက်ပြပါမည်။

(၃) အစွပ်ကို မူရင်းနေရာပြန်ထားပြီး၊ ဂက်စ်ကိုမသုံးပဲ ၃ မိနစ်ခန့်စောင့်ရပါမည်။ (ထိုအချိန်တွင် ဂက်စ်ယိုစိမ့်မှု ရှိမရှိ စစ်ဆေးရပါမည်။)
အချက်ပြမှု ရပ်တန့်သွားလျှင် ဂက်စ်အသုံးပြုနိုင်ပါပြီ။

အလောတကြီး အပြင်မထွက်ပါနှင့်။

ငလျင်လှုပ်မှု မရပ်တန့်ခင်အထိ အလောတကြီး အပြင်သို့ ထွက်မပြေးပါနှင့်။
အိမ်ပေါက်ဝ၏ တံခါးနှင့် ပြတင်းပေါက်တို့ကို ဖွင့်ထားပြီး ထွက်ပေါက်ကို စောင့်ပါ။
အဆောက်အဦ ပြိုကျမည့် အန္တရာယ် ရှိသည့်အချိန်တွင် အပေါ်မှ ပြုတ်ကျလာခြင်းများကို ဂရုစိုက်ပြီး ရှောင်ရှားရပါမည်။

ဒဏ်ရာမရအောင် ဂရုစိုက်ခြင်း
ပြတင်းပေါက်၏ အနီးအနားတွင် မှန်များကွဲကာ ပျံ့ကျဲခြင်းများဖြစ်နိုင်ပါသည်။
ခြေဗလာဖြင့်၊ ခြေအိတ်ဖြင့် လမ်းမလျှောက်ပဲ အိမ်တွင်းစီးဖိနပ်ပါးတို့၊ ဖိနပ်တို့ကို စီးပါ။
အလှမီးပန်းဆိုင်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများပြုတ်ကျပြီး ခေါင်းကို ထိမှန်ခြင်းများဖြစ်နိုင်ပါသည်။ ထို့နောက် တီဗွီနှင့် အိမ်ထောင်ပရိဘောဂတို့လည်း ပြိုလဲနိုင်ပါသည်။ မှန်များကွဲကာ ပျံ့ကျဲခြင်း၊ အိမ်ထောင်ပရိဘောဂများပြိုလဲခြင်းများ မဖြစ်အောင်လုပ်ဆောင်ထားပါ။

မှန်ကန်သော သတင်းအချက်အလက်များကို နားထောင်ခြင်း။

ကောလဟာလများကို နားမထောင်ပဲ တီဗွီ၊ ရေဒီယိုနှင့် အင်တာနက် စသည်တို့မှ သတင်းအချက်အလက်များကို အတည်ပြုပါ။
ထို့နောက်၊ (အင်အား ၅ ရစ်ခ်ျတာစကေး နှင့်အထက် လှုပ်သောငလျင်ဖြစ်ပါက) ရပ်ကွက်၏ဘေးအန္တရာယ်အသိပေးချက်များ၊ မီးသတ်ဌာန၊ ရဲစခန်းတို့၏ သတင်းအချက်အလက်များကို သတိပြုပါ။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。