သိထားရမည့် ရှေးဦးသူနာပြုစုခြင်း
最終更新日:2017年3月6日
ページID:000034198
မိသားစု၊ အိမ်နီးချင်းများတွင် ဒဏ်ရာရရှိမှုများဖြစ်လာလျှင်၊ တတ်နိုင်သမျှ အလျင်အမြန် ရှေးဦးသူနာပြုစုပါ။
နှလုံးပြန်ခုန်စေမည့် နည်းလမ်း
လဲကျနေသူကိုတွေ့လျှင်
ပခုံးကိုပုတ်ပြီး ခေါ်ကြည့်ပါ။
ပန်မထူးလျှင် အနားရှိလူကို ၁၁၉ သို့ သတင်းပို့ခြင်း၊ ထမ်းဆင့်ခေါ်ခြင်း၊ လေပြွန်ကိုမထိခိုက်စေပဲ အသက်ရှုမရှုစစ်ဆေးပါ။(ရင်နှင့် ၀မ်းဗိုက်ပိုင်းလှုပ်မလှုပ်ကို ၁၀ စက္ကန့်အတွင်းကြည့်ပါ)
ပန်မထူးလျှင် အနားရှိလူကို ၁၁၉ သို့ သတင်းပို့ခြင်း၊ ထမ်းဆင့်ခေါ်ခြင်း၊ လေပြွန်ကိုမထိခိုက်စေပဲ အသက်ရှုမရှုစစ်ဆေးပါ။(ရင်နှင့် ၀မ်းဗိုက်ပိုင်းလှုပ်မလှုပ်ကို ၁၀ စက္ကန့်အတွင်းကြည့်ပါ)
နှလုံးပြန်ခုန်စေရန်

ပုံမှန်အတိုင်းအသက်မရှုလျှင် ရင်ညွန့်ရိုးကို အကြိမ်သုံးဆယ် ဖိပေးပါ။

ရင်ညွန့်ဖိအားပေးခြင်း ပြီးဆုံးပါက၊ လေပြွန်ထိန်းပြီး လူအကူအညီဖြင့် အသက်ကူရှုခြင်း ၂ ကြိမ်ပေးပါ၊ ထို့နောက် ရင်ညွန့်ကိုဖိအားပေးခြင်း အကြိမ် ၃၀ နှင့် အသက်ကူရှုခြင်း ၂ ကြိမ်တလှည့်စီလုပ်ပါ။
သွေး၊ အန်ဖတ်မှတစ်ဆင့် ရောဂါ ကူးစက်နိုင်မည့် အလားအလာရှိလျှင် လူအကူအညီဖြင့် အသက်ကူရှုခြင်းကို မလုပ်ပဲ ရင်ညွန့်ဖိအားပေးခြင်းကို ဆက်တိုက်လုပ်ပါ။
သွေး၊ အန်ဖတ်မှတစ်ဆင့် ရောဂါ ကူးစက်နိုင်မည့် အလားအလာရှိလျှင် လူအကူအညီဖြင့် အသက်ကူရှုခြင်းကို မလုပ်ပဲ ရင်ညွန့်ဖိအားပေးခြင်းကို ဆက်တိုက်လုပ်ပါ။
မီးလောင် ဒဏ်ရာ

မီးလောင် ဒဏ်ရာကို ၁၅ မိနစ်ကျော်တွင်ရေလောင်းပြီး၊ ၁၀ မိနစ်ခန့် အအေးခံထားပါ။ အတွင်းခံ၊ ခြေအိတ် စတာတွေကို အတင်းမချွတ်ပဲ အပေါ်မှ ညင်သာစွာရေလောင်းပါ။ ရောဂါပိုးကူးစက်လွယ်သည့်အတွက် ရေမနူးစေရန်လည်း သတိပြုရပါမည်။
ကွဲရှဒဏ်ရာ

သွေးထွက်မများလျှင်၊ ရေသန့်သန့်နှင့် ဒဏ်ရာဝကို ဆေးပြီးပိတ်ပါးဖြင့်ပတ်ထားပါ။
သွေးထွက်သံယိုဖြစ်မှု

သွေးထွက်များချိန်တွင် သန့်ရှင်းစင်ကြယ်သော ပိတ်စ၊ ပိတ်ပါးစနှင့် ဒဏ်ရာဝကို အုပ်ပြီး တင်းတင်းစည်းပါ။
တင်းတင်းစည်းထားလည်း သွေးထွက်မရပ်လျှင်၊ နှလုံးနှင့်နီးသော သွေးတိတ်ကြောကို နှိပ်ထားပါ။
တင်းတင်းစည်းထားလည်း သွေးထွက်မရပ်လျှင်၊ နှလုံးနှင့်နီးသော သွေးတိတ်ကြောကို နှိပ်ထားပါ။
အရိုးကျိုးခြင်း

အရိုးကျိုးလျှင် ယောင်ရမ်းလာမည်ဖြင့်သည့်အတွက် ဖိနပ်ချွတ်၊ အ၀တ်ကိုညှပ်ပြီး ဖွင့်ထားရပါမည်။ မဂ္ဂဇင်း၊ ကတ်ထူပြား၊ သစ်သားပြားစသည်ဖြင့် ကျပ်စည်းပြီး ဒဏ်ရာကိုငြိမ်အောင်လုပ်ရပါမည်။ အတင်းမလှုပ်ရှားစေပဲ၊ လဲလျောင်းသည့် အနေအထားတိုင်းထားပါ။
အထက်တွင် မိတ်ဆက်ပေးခဲ့သည့်အကြောင်းအရာများမှာ ရိုးရှင်းသော ရှင်းလင်းချက်များဖြစ်ပါသည်။
တိုကျိုဘေးအန္တရာယ်ကာကွယ်ရေးရုံးတွင်၊ ဒေသအနှံ့အသက်ကယ် ရှေးဦးသူနာပြုလေ့ကျင့်ရေးများကို သင်ကြားပေးလျက်ရှိပါသည်။
သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု လက်မှတ်လည်း ထုတ်ပေးပါသည်။。
အသေးစိတ်ကို တိုကျိုဘေးအန္တရာယ်ကာကွယ်ရေးရုံး http://www.tfd.metro.tokyo.jp/ တွင်ကြည့်ရှုပါ။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。