အသက်ကယ်ခြင်း၊ မီးငြှိမ်းခြင်း လှုပ်ရှားမှု
最終更新日:2017年3月6日
ページID:000034202
မိမိကိုယ်တိုင် စိတ်ချစွာ အန္တရာယ်ကင်းပြီဆိုလျှင်၊ အိမ်အနီးအနား အန္တရာယ်ဖြစ်ရာ နေရာရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး၊ ပြိုကျသော မိသားစုများကို ကယ်တင်ခြင်းလှုပ်ရှားမှုများတွင် ကူညီပါဝင်ပါ။
အိမ်အနီးအနား အခြေအနေကို စစ်ဆေးခြင်း
အိမ်အနီးအနားမှာ တစ်ယောက်တည်းနေသော သက်ကြီးရွယ်အိုများ၊ ဒဏ်ရာရသူများ (အထူးသဖြင့် ဘေးအန္တရာယ် ကျရောက်ချိန် ကူညီရန်လိုအပ်သူ) တို့ အန္တရာယ်ကင်းမကင်း စစ်ဆေးပါ။
အိမ်ပရိဘောဂများအောက်ပိနေခြင်း၊ ပိတ်မိနေခြင်းတို့ကြောင့် ကယ်ဆယ်ရန် စောင့်ဆိုင်းနေကြသူများ ရှိတတ်သည်။
ပတ်ဝန်းကျင်တွင် မီးလောင်ခြင်း၊ ဂက်စ်ယိုစိမ့်ခြင်း၊ မီးကြိုးပြတ်တောက်ခြင်းများ ရှိမရှိစစ်ဆေးပါ။
လမ်းမပေါ်တွင် အတားအဆီးဖြစ်မည့် ပစ္စည်းများရှိလျှင်၊ အရေးပေါ်ကားများ သွားနိုင်အောင် အိမ်နီးနားချင်းများနှင့် ပူးပေါင်းပြီး၊ လမ်းရှင်းထားပါ။

မီးလောင်ပါက
မီးမလောင်ခင်ကတည်းက (အိမ်ခန်း၊ ရုံးခန်းများ၏ မီးသတ်စက်၊ ရှင်းဂျုခုက ကြီးကြပ်နေသော ဒေသအတွက် စီစဉ်ထားသော) မီးသတ်စက်၊ (နောက်ပြီး ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့အစည်းက စီစဉ်ထားသော မီးသတ်ဆေးဗူး အသေးစား၊ ရှေးဦးမီးသတ်ပိုက်ဖြင့် မီးကူးစက်ခြင်းကို တားဆီးရပါမည်။ မီးနီးကပ်လာလျှင် ရှောင်တိမ်းပါ။
ရပ်ကွက် ဘေးအန္တရာယ် ကာကွယ်ရေးအဖွဲ့အစည်းသို့ ပါဝင်ခြင်း
ရပ်ကွက် နှင့် ရဲစခန်း၊ မီးသတ်တို့သည် ဘေးအန္တရာယ်၏ အခြေအနေအလိုက် အသီးသီးသော လှုပ်ရှားမှုများကို လုပ်ဆောင်ကြရပါသည်။
သို့ပေမယ့်၊ ငလျင်ကြီးပြီးပြီးချင်း အစိုးရမှ ဒေသတွင်းဝင်ရောက်လှုပ်ရှားရန် ခက်ခဲပါသည်။
ထို့အတွက်ကြောင့်၊ ဒေသတွင်းဦးစွာမီးငြိမ်းခြင်း၊ ကယ်ဆယ်ရေးလှုပ်ရှားမှု၊ တိမ်းရှောင်ခြင်း လမ်းညွှန်မှုများကို ပြုလုပ်သည့် ရပ်ကွက် ဘေးအန္တရာယ်ကာကွယ်ရေး အဖွဲ့အစည်းက မြို့နယ်ကောင်စီရုံး၊ ဒေသအဖွဲ့အစည်းများအဖြစ် ဖွဲ့စည်းထားပါသည်။ (ကိုယ့်မြို့ကို ကိုယ်ကိုယ်တိုင် ကာကွယ်မည်) ဟုဆိုသော အသိစိတ်ကို အခြေခံပြီး အရေးပေါ်အချိန်မှာ ဒေသ ကာကွယ်ရေးမှာ ပါဝင်လှုပ်ရှားပါ။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。