ငလျင်ရပ်တန့်သွားပါက
最終更新日:2017年3月6日
ငလျင်လှုပ်ရှားပြီးနောက်၊ မီးဘေးများ၊ အိမ်ခန်းများပြိုကျခြင်း အန္တရာယ်များ မရှိလောက်လျှင် ရှောင်တိမ်းစရာမလိုတော့ပါ။
ရပ်ကွက်ရှိဘေးအန္တရာယ်အသိပေးချက်များ၊ ရေဒီယိုစသည်များမှ မှန်ကန်သော သတင်းအချက်အလက်များကို နားဆင်ပြီး၊ ကောလဟာလများကို နားမယောင်ပါနှင့်။
အိမ်အနီးတွင် မီးလောင်ပြီး မီးကူးစက်နိုင်ဖွယ်ရှိသည့်အချိန်၊ အဆောက်အဦ ပြိုလဲနိုင်ဖွယ်ရှိသည့်အချိန် တို့တွင် ရပ်ကွက်၊ မီးသတ်၊ ရဲဌာနများ၏ ညွှန်ကြားချက်များရှိသည့်အချိန်တွင် အလျင်အမြန်ရှောင်တိမ်းပါ။

ဘယ်လိုအချိန်မှာ ဘယ်လိုရှောင်တိမ်းမလဲ။
(၁) ငလျင်လှုပ်မှု ရပ်တန့်ပါက အနီးရှိ ပန်းခြံ၊ ကွင်းပြင်များ၏ “ခေတ္တစုရပ်နေရာ” တွင် ရှောင်တိမ်းမှုအခြေအနေကို ကြည့်မည်။
(၂) မီးလောင်မှုကြောင့် အိမ်၊ အလုပ်ခန်းများ အန္တရာယ်ရှိလာနိုင်တဲ့အခြေအနေတွင် “ဒုက္ခသည်စခန်း” သို့ ရှောင်တိမ်းနေပါ။
(၃) အိမ်ပြိုခြင်းများ၊ မီးဘေးများတို့ကြောင့် အိမ်မပြန်နိုင်တဲ့အချိန်မှာ “ခိုလှုံရာနေရာ” (ရပ်ကွက်တွင်းရှိ မူလတန်း အလယ်တန်းကျောင်းများ စသည်)တွင် ရှောင်တိမ်းပါမည်။

ခေတ္တစုရပ်နေရာ

ခေတ္တစုရပ်နေရာကို မြို့နယ်ကောင်စီရုံး၊ ဒေသအဖွဲ့အစည်းများက သတ်မှတ်ထား ပါသည်။
ခိုလှုံရာနေရာ၊ ဒုက္ခသည်စခန်းများသို့ မတိမ်းရှောင်ခင်၊ အိမ်နီးချင်းဒုက္ခသည်များ ခေတ္တစုစည်းပြီး အခြေအနေ စောင့်ကြည့်သည့်နေရာ ဖြစ်သည်။
ထို့နောက်၊ ပျက်စီးထိခိုက်မှု အခြေအနေပေါ်မူတည်ပြီး၊ ခိုလှုံရာနေရာ သို့မဟုတ် ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းပါ။

ခိုလှုံရာနေရာ

ငလျင်၊ ရေဘေး စသည့် ဘေးအန္တရာယ်များကြောင့် အိမ်ပြိုခြင်း၊ မီးလောင်ပျက်စီးခြင်းများဖြစ်ကာ မိမိအိမ်များတွင် နေထိုင်ရန်မဖြစ်နိုင်သောသူများ ခေတ္တခဏ တိမ်းရှောင်နေနိုင်သော နေရာဖြစ်ပါသည်။ သတင်းအချက်အလက်ရယူနိုင်ခြင်း၊ အစားအစာများဝေငှပေးခြင်း၊ ရှေးဦးသူနာပြုစုခြင်း များလည်းရှိပါသည်။
ဒုက္ခသည်စခန်း

ငလျင်ကြီးများကြောင့် မီးဘေးမှ အန္တရာယ်လွတ်ကင်းရန် တိမ်းရှောင်သော နေရာဖြစ်ပါသည်။ ပန်းခြံကြီးများ၊ ကွင်းပြင်ကြီးများကို သတ်မှတ်ထားပါသည်။
တိမ်းရှောင်သောအချိန်တွင်
ဂက်စ်ပစ္စည်းများ၊ ပိုက်များကို လုံးဝပိတ်ပြီး လျှပ်စစ်ဘရိတ်ကာများကို ချထားရပါမည်။

အိမ်ဝင်ပေါက်တွင် တိမ်းရှောင်ရမည့်နေရာလိပ်စာ မှတ်စုကို ကပ်ထားပြီး ခိုလှုံမည့်နေရာကို အသိပေးရပါမည်။

တိမ်းရှောင်သည့်အချိန်တွင် လမ်းလျှောက်ပြီး တိမ်းရှောင်ပါ။
အရေးပေါ်သုံးပစ္စည်းအိတ်ကို ကျောပိုးထားပြီး၊ လက်နှစ်ဘက်ကို အလွတ်ထားပါ။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。