ငလျင်လှုပ်လျှင် ~ မြို့ဆင်ခြေဖုံးတွင် ~
最終更新日:2017年3月6日
ページID:000034193
အဆောက်အဦအတွင်းရှိပါက
ပြတင်းပေါက်နှင့် မှန်ထည်ပစ္စည်းများနှင့် ဝေးရာတွင်နေပါ။
ဓာတ်လှေခါးကို အသုံးမပြုပါနှင့်။ (စီးနေသောအချိန်ဖြစ်ပါက အထပ်အားလုံး၏ ခလုတ်များကိုနှိပ်ပြီး ရပ်တန့်သောအထပ်တွင် ဆင်းပါ။)
အဆောက်အဦအတွင်းသတိပေးမှု၊ တာဝန်ရှိသူတို့၏ လမ်းညွှန်ချက်များအတိုင်း အလောတကြီးမပြုပဲ တိမ်းရှောင်ပါ။

လမ်းပေါ်တွင်ရှိပါက
ပြိုကျလွယ်သော ကွန်ကရစ်နံရံတို့၊ ပြိုလဲမည့်အန္တရာယ်ရှိသည့် အလိုအလျောက် ဈေးရောင်းစက်တို့မှ ဝေးရာတွင်နေပါ။
ဆိုင်းဘုတ်များစသည့်အရာများ ပြုတ်ကျမည့် အန္တရာယ်အား သတိပြုပါ။
အနီးအနားတွင်ရှိသော ခိုင်မာသော အဆောက်အဦ၊ ကွင်းပြင်များဆီသို့ ပြေးပါ။
မှန်ကွဲမည့်အန္တရာယ်ရှိသည့် ရှောပြတင်းပေါက်များမှ ဝေးရာတွင်နေပါ။

မြေအောက်လမ်းတွင်ရှိပါက

လှေကား၊ အရေးပေါ်ထွက်ပေါက်တို့၏ ထွက်ပေါက်များကို လုမထွက်ပါနှင့်။
မီးပျက်လျှင် အရေးပေါ်မီးလင်းသည်အထိ တည်ငြိမ်စွာ နေပါ။
မြေအောက်လမ်းတွင် ကြေငြာချက်များကို လိုက်နာလှုပ်ရှားပါ။

ကားမောင်းနေစဉ်ဖြစ်ပါက

အရှိန်လျော့ပါ။ ဘယ်ဘက်ကပ်ပြီးရပ်ပါ၊ အနီးအနားရှိ ကားပါကင်နှင့် နေရာလွတ်များရှိပါက ထိုနေရာအထိသွားပါ။
တိမ်းရှောင်သည့်အချိန်တွင် ကားကိုသော့တန်းလန်းထားပြီး တိမ်းရှောင်ပါ။

ပင်လယ်ကမ်းခြေ မြစ်ကမ်းနားရောက်နေပါက

ဆူနာမီဖြစ်လာမည့်အန္တရာယ်ရှိသည့်အတွက်ကုန်းမြင့်နေရာများသို့ ရှောင်တိမ်းပါ။
ကုန်းမြင့်မရှိပါက ချက်ချင်းပင်လယ်မှ ဝေးနိုင်သမျှ ဝေးရာသို့ရှောင်တိမ်းပါ။
ကြီးမားသောလှုပ်ရှားမှု (ငလျင်ကြီး) လှုပ်ရှားပြီးဖြစ်သော်လည်း၊ နောက်ဆက်တွဲငလျင် ဖြစ်ပွားတတ်ပါသည်။
တစ်ခါတစ်ရံ ငလျင်ကြီးနီးပါး ပြင်းထန်သော နောက်ဆက်တွဲငလျင်များလည်း ဖြစ်တတ်သည်။
အဆောက်အဦအတွင်း မြေအောက်လမ်းများတွင် အသိပေးလမ်းညွှန် ကြေငြာချက်များအတိုင်း လှုပ်ရှားပါ။
လေဟာပြင်တွင် ရောက်ရှိနေလျှင် အန္တရာယ်ကင်းသော ကွင်းပြင် (ပန်းခြံ၊ ဘေ့စ်ဘောကွင်း၊ အားကစားကွင်းစသည်) တို့တွင် ရှောင်တိမ်းပါ။

本ページに関するお問い合わせ
新宿区 総務部-危機管理課
本ページに関するご意見をお聞かせください
区政についてのご意見・ご質問は、ご意見フォームへ。